IT in Business

ကွန်ပျူတာတွေကို စတင်မိတ်ဆက်မှုနဲ့အတူ စီးပွားရေး လောကကြီးကလည်း ပြောင်းလဲလာပါတယ်။

ကွန်ပျူတာနဲ့ software တွေကနေတစ်ဆင့် စီးပွားရေးလုပ်ငန်းတွေက Information Technology ကို သူတိုရဲ့ ဌာနခွဲတွေ ချောချောမွေ့မွေ့ အလုပ်လုပ်နေသလားဆိုတာကို ဆန်းစစ်တဲ့ နေရာမှာ အသုံးချကြပါတယ်။

IT ကို မတူညီတဲ့ ဌာနခွဲတွေဖြစ်တဲ့ လူသားအရင်းအမြစ်၊ ဘဏ္ဍာရေး၊ ထုတ်လုပ်ရေးနဲ့ လုံခြုံမှုတွေမှာ အသုံးချကြပါတယ်။ IT ကို အသုံးချခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွေဟာ ကမ္ဘာ့ ဈေးကွက်ထဲက အပြောင်းအလဲတွေကို ခါတိုင်းထက် ပိုပြီး မြန်မြန် သိရှိနိုင်ကြပါတယ်။ သူတို အလုပ်တွေ မြန်မြန် ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မယ့် software နဲ့ hardware တွေကို ဝယ်ယူကြပါတယ်။ ပိုကြီးတဲ့ စီးပွားရေး လုပ်ငန်းတွေက သူတို့ ကိုယ်ပိုင် IT ဌာနခွဲတွေ ထားရှိပြီးတော့ software နဲ့ hardware တွေကို ထိန်းသိမ်းပြုပြင်ဖို့အတွက် ပြုလုပ်ထားတတ်ကြပါတယ်။

စားသုံးသူတွေက ကုန်ပစ္စည်းတွေကို ချက်ချင်း ဝယ်ယူနိုင်မှုအပေါ်မှာ စိုးရိမ်လာကြပါတယ်။ အဲအတွက် IT က စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အပံ့နဲ့ ဝယ်လိုအားတွေ ရှာဖွေပေးပြီး ဆက်လက်ရပ်တည်စေပါတယ်။ Amazon လိုမျိုး IT ကို အသုံးပြုတဲ့ စီးပွားရေးလုပ်ငန်းတွေက အလုပ်ရှုပ်တဲ့ စားသုံးသူတွေကို သူတို့ ကုန်စုံဈေးဝယ်ဖို့ အတွက် အလုပ်လုပ်ပေးကြပါတယ်။ Website ပေါ်မှာ click အနည်းငယ်လုပ်လိုက်တာနဲ့ စားသုံးသူက order မှာယူလို့ ရပါတယ်။ IT က ဒီ order ကို ကုမ္ပဏီသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြင့် online business system ကို အဆင်ပြေ ချောမွေ့စေပါတယ်။

Source: Linkedin

Swan Htet (HapEye.Net)

Related Posts