hapeye

Batman ဟာ DC Comics ကထုတ်ဝေတဲ့ အမေရိကန်ရုပ်ပြစာအုပ်တွေထဲမှာ စတင်အသက်ဝင်လာခဲ့တဲ့ စိတ်ကူးယဉ် super hero တစ်ယောက်ဖြစ်ပါတယ်။ Batman ကို ပန်းချီဆရာ Bob Kane နဲ့ စာရေးဆရာ Bill Finger တို့က ဖန်တီးခဲ့ကြပါတယ်။ 1939 မှာ DC က ထုုတ်ဝေတဲ့ comic series ဖြစ်တဲ့ Detective Comics 27 မှာတော့  Batman တစ်ယောက် စတင်ပါဝင်လာခဲ့ပါတယ်။ မူလအနေနဲ့ Batman ဆိုတဲ့ character ပေမယ့် နောက်ပိုင်းမှာတော့ Capet Crusader (ဝတ်ရုံရှည်ဝတ် ကောင်းကျိုးပြုဆောင်ရွက်သူ)၊ Dark Knight (အမှောင်စစ်သည်တော်) နဲ့ World Greatest Dective (ကမ္ဘာအကြီးကျယ်ဆုံး စုံထောက်) ဆိုပြီး အမျိုးမျိုး တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

Batman ရဲ့ လျှိ့ဝှက် ဇစ်မြစ်ကတော့ Bruce Wayne ပါ။ ချမ်းသာပြီး လူဘောင်ကြီးကို ချစ်မြတ်နိုးတဲ့ အမေရိကန် ကောင်ဆိုးလေးတစ်ယောက်ပါ။ ပြီးတော့ Wayne Enterprises  ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ငယ်စဉ်ကလေးဘဝတုန်းက သူ့မိဘတွေရဲ့ လူသတ်တရားခံကို မျက်မြင်တွေ့ကြုံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရာဇဝတ်မှုကျူးလွန်သူတွေကို လက်တုံ့ပြန်မယ်ဆိုပြီး တရားမျှတမှုအတွက် ကျမ်းသစ္စာဆိုခဲ့ပါတယ်။ Bruce Wayne ဟာ ကိုယ့်ကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရနဲ့ ဉာဏ်ပညာပိုင်းဆိုင်ရာတွေကို တိုးတက်အောင် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ အဲဒီနောက်တော့ Batman ဝတ်စုံကို တီထွင်ခဲ့ပြီး ရာဇဝတ်မှုတွေကို (အစိုးရခွင့်ပြုချက်မရှိဘဲ) တိုက်ဖျက်ပါတော့တယ်။

Batman ဟာ Gotham မြို့ကြီးကို အမျိုးမျိုးသော လက်ထောက် ဇာတ်ကောင်တွေနဲ့အတူ ကာကွယ်စောင့်ရှောက်နေခဲ့ပါတယ်။ ဘဏ္ဍာစိုး Alfred၊ ရဲမင်းကြီး Gordon နဲ့ စွမ်းအားရှင်မဟာမိတ်တွေဖြစ်ကြတဲ့ Robin တို့လိုမျိုးပါ။ အခြားဟီးရိုးအများစုနဲ့ မတူညီစွာပဲ Batman မှာ ထူးထူးခြားခြား super power တွေ ရှိမနေပါဘူး။ သူ့ရဲ့ ဉာဏ်ကြီးရှင် ဦးနှောက်၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ ကိုယ်ခံပညာ၊ စုံထောက်ပညာ၊ သိပ္ပံပညာနဲ့ နည်းပညာတွေ အပြင် ကြီးမားလှတဲ့ ကြွယ်ဝမှု၊ ခြိမ်းခြောက်နိုင်မှု နဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကိုသာ အားထားရပါတယ်။ များလှစွာသော ဗီလိန်တွေကလည်း Batman ရဲ့ rogues gallery (DC မှ ဖန်တီးထားသည့် Batman ၏ ရန်သူတော်အုပ်စု) အဖြစ်ပါဝင်ပတ်သက်နေပါတယ်။ အဓိက ရန်သူတော်ကြီး Joker အပါအဝင်ပေါ့။

1939 မှာ စတင် မိတ်ဆက်ခဲ့ပြီး မကြာခင်မှာပဲ Batman ဟာ ကျော်ကြားလာပါတော့တယ်။နောက်နှစ်မှာပဲ ကိုယ်ပိုင် comic ခေါင်းစဉ်နဲ့ Batman ဆိုပြီး ရပ်တည်လာနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်တွေ ကျော်ဖြတ်လာတာနဲ့အမျှ ဇာတ်ကောင်ရဲ့ လေးနက်မှုအရှိန်အဟုန် ကလည်း ကြီးမားလာခဲ့ပါတယ်။ 1960 အကုန်မှာတော့ Batman ရုပ်သံseries က လှပစွာနဲ့ တပ်စွဲလိုက်ပါတော့တယ်။ ဒါက series ပြီးလို့ နှစ်တွေကြာသည့်တိုင် ရပ်တည်နေဦးမယ့် ဇာတ်ကောင်အဖြစ် သရုပ်ဖော်နိုင်လိုက်တာကို ပြောတာပါ။ အမျိုးမျိုးသော creators တွေက Batman ကို အမှောင်ကမ္ဘာဆီ ပြန်လာနိုင်ဖို့အတွက် အလုပ်လုပ်ခဲ့ကြပါတယ်။ 1986 မှာတော့ Frank Miller ရဲ့ The Dark Knight Returns ဟာ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ Warner Bros. Pictures’ live-action Batman feature films ဟာ အောင်မြင်တွေ ရရှိလာခဲ့ပြီး ဇာတ်ကောင်ရဲ့ ခေတ်ရေစီးကြောင်းအလိုက် ထင်ပေါ်ကျော်ကြားမှုကို ထိန်းသိန်းထားနိုင်ခဲ့ပါတယ်။

အမေရိကရဲ့ ပြယုဂ်တစ်ခုအဖြစ်နဲ့ Batman ဟာ အခြားတစ်သီးတစ်ခြား character တွေအကြားမှာ အရမ်းကို ထင်ပေါ်ကျော်စောလာပါတယ်။ Batman ကို ရေဒီယို၊ ရုပ်သံ၊ ဇာတ်ကားနဲ့ ကမ္ဘာအနှံ့ထုတ်ကုန်တွေဖြစ်တဲ့ အရုပ်၊ အဝတ်အစားနဲ့ game တွေမှာလည်း အမျိုးမျိုး အသုံးပြုလာခဲ့ပါတယ်။ Batman အတွက် လျှိ့ဝှက်လေတဲ့ စိတ်ရောဂါအထူးကုဆရာဝန်တွေလည်း ရှိနေပါသေးတယ်။ သူရဲ့ စိတ်နေစိတ်ထားအပေါ် အမျိုးမျိုးသော အဓိပ္ပာယ်ကောက်ယူမှုတွေ ပြုလုပ်နေတဲ့သူတွေပေါ့။ 2015 မှာတော့ FanSided က Batman ကို ရုပ်ပြကာတွန်းသမိုင်းရဲ့ အကြီးကျယ်ဆုံးသော သူရဲကောင်း အယောက် 50 မှာ နံပါတ် 1 နေရာအထိ ပေးခဲ့ပါတယ်။  Kevin Conroy, Rino Romano, Bruce Greenwood, Peter Weller, Anthony Ruivivar, Jason O’Mara နဲ့ Will Arnett တို့ဟာ Batman ကာတွန်း series အတွက် အသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ပေးခဲ့ကြပါတယ်။ Batman ကို ရုပ်သံရော ဇာတ်ကားအဖြစ်ရော  Lewis Wilson, Robert Lowery, Adam West, Michael Keaton, Val Kilmer, George Clooney, Christian Bale နဲ့ Ben Affleck တို့က အသက်သွင်းခဲ့ကြပါတယ်။

Swan Htet (HapNet.Eye)

Source: Wikipedia

Related Posts